သူလည်း လမ်းပျောက်
ကိုယ်လည်း ပျောက်နှင့်
တွန်းကာတိုးဝှေ့ ရွေ့ကြတယ်။
ငယ်အိပ်မက်တွေ လှခဲ့ကြပေါ့
အိပ်မရသောတစ်ကွေ့မှာ နိုးထ
ဖြတ်သန်းမှုအမျိုးမျိုးနဲ့ ဘဝ
တဒင်္ဂပုံရိပ်တွေ များလို့
ဝေဒနာတောင် အရောင်စုံလုပြီ
အာရုံခြောက်ပါး ပုံရိပ်မှတ်မှား
သံသရာအိပ်မက်က ရှည်လွန်းတယ်။
ဝေဖြိုးလှိုင်

No comments:
Post a Comment