Thursday, January 31, 2019

ကြောက်ရွံ့မှုအလွန်

ယုန်ကလေးတွေက 
အသည်းငယ်တယ်တဲ့
အသံတိုင်းဟာ သူတို့အတွက်
ထိတ်လန့်စရာများလား

ကမ္ဘာလောကကြီးတစ်ခုလုံး
တိတ်ဆိတ်သွားစေချင်လိုက်တာ
နိဗ္ဗာန်ပေါ့ ငြိမ်းအေးရော

ယုန်ကလေးတွေပါ
ပျောက်ကွယ်သွားရမှာ။  


                             ဝေဖြိုးလှိုင်

No comments:

Post a Comment